သဘာဝနည်းလမ်းတွေနဲ့ အသားအရေကို ထိန်းသိမ်းမယ်
01-Mar-2017
(၁) မျက်နှာမသစ်ခင် နာရီဝက်အလိုမှာ သံပရာရည်နှင့် သခွားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်စာကို ရောပြီး လိမ်းပေးပါ။
(၂) မိတ်ကပ်လိမ်းပြီး မိတ်ကပ်တွေ ကွက်မနေစေချင်ရင်တော့ သခွားရည်အနည်းငယ်ကို မျက်နှာရဲ့ အရမ်းအဆီပြန်တဲ့နေရာမှာ လိမ်းပေးပါ။ သခွားရည် သေချာခြောက်သွေ့သွားမှ မိတ်ကပ်ထပ်လိမ်းပေါ့။
(၃) အရမ်းအဆီပြန်သူတွေဟာ ရွံ့စေးနဲ့ မျက်နှာပေါင်းတင်လို့ ရတယ်နော်။ အစိမ်းရောင်ရွှံ့စေးမှုန့်နဲ့ ပျားရည်လက်ဘက်ရည်ဇွန်း တစ်ဇွန်းစီ ရောမွှေပါ။ မျက်လုံးတစ်ဝိုက်ကို ရှောင်ပြီး မျက်လုံးတစ်ဝိုက်ကို ရှောင်ပြီး မျက်နှာအနှံ့လိမ်းပေးပါ။ ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးနွေးလေးနဲ့မျက်နှာသစ်လိုက်ပါ။
(၄) သံပရာရည်နဲ့ ရေကို ဆတူရောပြီး မျက်နှာမှာ လိမ်းပေးပါ။ ခြောက်သွေ့တဲ့အခါရေနွေးလေးနဲ့ မျက်နှာထပ်သစ်ပါ။
အာဟာရအကြံပြု ချက်
အသားဓာတ်ပါတဲ့ အစားအစာတွေကို စားပါ။ အသား၊ ငါး၊ ပဲ၊ လတ်ဆတ်တဲ့ အသီးအရွက်တွေ များများစားပေးပါ။ သကြား၊ ဆားကို လျှော့စားပါ။ ဗီတာမင် B2 ချို့တဲ့ရင်လည်း အဆီပြန်နိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် B2 ကြွယ်ဝတဲ့ ပဲအမျိုးမျိုးနဲ့ Royal Jelly စားသုံးပေးပါ။ တဆေး၊ ဂျုံနဲ့ ကလီစာတွေမှာလည်း ဗီတာမင် B2 နဲ့ B5 ကြွယ်ဝစွာပါဝင်ပါတယ်။ အသားအရေမှာ ရေဓာတ်ပြည့်ဝပြီး အဆိပ်အတောက်တွေ ကိုလည်း ဖယ်ရှားပေးနိုင်ဖို့ ရေကိုလည်း များများသောက်ပေးပါ။
• အရက်၊ အချိုရည်၊ ချောကလက်နဲ့ ရယ်ဒီမိတ်အစားအစာတွေ ကိုရှောင်ပါ။
• အဆီလျှော့စားပါ။ အဆီများတဲ့ အစားအစာတွေ၊ ဆီကြော်မုန့်တွေ၊ ကြာနေတဲ့ စားစရာတွေ တိရစ္ဆာန်အဆီတွေနဲ့ ဝက်သားရှောင်ပါ။ ကြော်ချက်ရာမှာ ဟင်းသီးဟင်းရွက်ဆီကို သုံးပါ။ သံလွင်ဆီကတော့ အကောင်းဆုံးပါပဲ။
အထွေထွေအကြံပြု ချက်
• ဆေးလိပ်မသောက်ပါနှင့်။ ဆေးလိပ်သောက်ရင် ချွေးပေါက်တွေကို ကျယ်စေပြီး အရေပြားအတွက်လည်း မကောင်းပါဘူး။
•တစ်ကိုယ်လုံးကို နှိပ်နယ်ပေးခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးလည်ပတ်မှုကိုကောင်းစေပြီး အရေပြားရဲ့ လုပ်ငန်းဆောင်တာတွေကို သန်စွမ်းစေပါတယ်။
• Evening Primrose Oil မှာ Gamma Linolenic acid (FLA) ပါဝင်လို့ အရေပြားဆဲလ်တွေကို သန်စွမ်းစေပြီး အစိုဓာတ်လည်းဖြည့်တင်း ပေးနိုင်လို့ သောက်သုံးသင့်ပါတယ်။
• အရေပြားက ဆဲလ်တွေကို ပြန်လည်းပြု ပြင်တာဟာ အိပ်ချိန်မှာ လုပ်ဆောင်တာပါ။ ဒါကြောင့် အိပ်ရေးဝ၀ အိပ်ဖို့လိုပါတယ်။
• တကယ်လို့ အဆီပြန်တာက ဘယ်လိုနည်းနဲ့မှ မသက်သာဘဲ ကြည့်မကောင်းအောင် ဆိုးနေပြီဆိုရင်တော့ အရေပြားရောဂါဖြစ်နိုင်တာမို့ အရေပြားအထူးကုဆရာဝန်တွေနဲ့ ပြသသင့်တယ်နော်။
အပေါ်ကနည်းတွေအတိုင်း သေချာလိုက်လုပ်မယ်ဆိုရင် မျက်နှာအဆီပြန်တာတွေ သက်သာပြီး မျက်နှာလေးက ကြည်လင်ဝင်းပသွားမှာပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Health for all magazine, January 2014
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
